may may


မေမေရယ် သမီးအမြဲသတိရနေပါမှာ အဝေးမှာ တမ်းတကန်တော့မိပါတယ်ကွယ်



My slide show pictures

cherry

myrose

LOVE

Friday, July 11, 2008

အငိုရောင်မြစ်ဖျား

အငိုရောင်မြစ်ဖျား

ဒါတို့မြေရဲ့သရုပ်
မဟုတ်မမှန်
လုပ်ကြံစရာမလိုတဲ့
ပကတိသရုပ်ပေါ့
အိပ်မက်မဟုတ်
ပစ္စုပ္ပန်နဲ့အတိတ်
ဒီအရိပ်တွေက
အနာဂါတ်အတွက်
ငါတို့ရဲ့------
ရင်ဘတ်တွေကိုခါးသက်
သွေးစက်လက်နဲ့
အမိမြေရဲ့လက်မှာ
သားသေလင်ဆုံး
ကုန်ရှုံးကြွေးတင်
ဝမ်းမ၀မလင်နဲ့
မိခင်တွေရဲ့-----
ငိုညဉ်းသံက
ဘ၀ဂ်ကိုဟိန်းညံ
ငါ့ရင်ကိုလှိုင်းထန်ခဲ့
အရိုင်းဆန်တဲ့ညတွေအတွက်
ဒါဟာတိုက်ပွဲရဲ့ခေါ်သံလား
ဒါမှမဟုတ်----
အောင်ပွဲအတွက်ကျည်ဆံလား။
သေချာတာက
အမေ့မျက်ရည်ဟာ---ငါရဲ့
နောင်တမဲ့ခြေတစုံအတွက်
အားဆေးတခွက်ပေါ့။

No comments: